လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ (၉၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

ညောင်ဦး  ဩဂုတ်  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ လောကနန္ဒာစွယ်တော်မြတ်စေ တီတော်ကြီး၏ ၉၅၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဝါခေါင်လဆန်း ၇ ရက်နေ့၊ ဩဂုတ် ၂၃ ရက်နေ့မှ ဝါခေါင်လဆန်း ၁၁ ရက်နေ့ထိ၊ ဆရာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လုံး လောင်းလှူပူဇော်ခြင်းဖြင့် အစဉ်အလာမပြတ် ကျင်းပသွားမည်ဖြစ်‌ကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးထံက သိရသည်။

ညောင်ဦးမြို့ စွယ်တော်လေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော လောကနန္ဒာစွယ် တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခဲ့သည့်နှစ်မှ စတင်ကာ မြန်မာပြည်အရပ်ရပ်မှလှူဒါန်းသည့် ဆွမ်းသပိတ်လုံးများအား ကျောင်းတိုက်အသီးသီးသို့ လောကနန္ဒာစွယ်တော်မြတ်စေတီကြီး ဂေါပကအဖွဲ့တာဝန်ရှိသူများမှလိုက် လံကပ်လှူခဲ့ကြောင်းသိရသည်။ ယခုနှစ် ၉၅၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဆွမ်းသ ပိတ်လုံးလောင်းလှူခြင်းအား ဝါခေါင်လဆန်း ၈ ရက်၊ ဩဂုတ် ၂၄ ရက်နေ့တွင် ပင့်သံဃာများအား ဘုရားကြီးရင်ပြင်တွင် လောင်းလှူပူဇော်မည်ဖြစ်ကာ ကျန်ရှိဆွမ်းသပိတ်လုံးများအား ကျောင်းတိုက်အသီးသီးသို့ ဆက်လက်ကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်းသိရပြီး မြန်မာပြည်အရပ်ရပ်မှ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ (၉၅၁) ကြိမ်‌မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် မြန်မာပြည်အရပ်ရပ်မှ ဆွမ်းသပိတ်လုံး လှူဒါန်းလိုပါက လောကနန္ဒာဘုရားကြီး ဂေါပကအဖွဲ့နှင့် ဂေါပကအတွင်းရေးမှူး ဖုန်း ၀၉-၄၀၂၅၀၀၃၈၂ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ဒီပါလင်း