ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း သြဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲအား ယနေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စာဖတ်ရှိန်မြင့်တင်ရေးနှင့် အထွေထွေဗဟုသုတ အကြောင်းအရာများအား အကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲအား ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွါးလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထို့နောက် ဟောပြောပွဲ တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားများက အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)