ပင်လောင်းမြို့နယ် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

နောင်တရား ဩဂုတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု အောင်လယ်ကျေးရွာ၌ ပင်လောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို မန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါကျရောက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာနန်းနှင်းအိခိုင်က တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊  ဒုတိယဦးစီးမှူး ဒေါက်တာနန်းသန်းသန်းစိုးက ဝက်များတွင်ဖြစ်ပွားတတ်သည့် အာဖရိကဝက်အပြင်းဖျား‌ရောဂါအကြောင်းကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများအား မွေးမြူရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ သည်။

တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ၁၅-- ၂၀၂၃ မှ ၃၀--၂၀၂၃ အထိ သတ်မှတ်ထားပြီး ပင်လောင်းမြိနယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိကဝက်အပြင်းဖျားရောဂါအ‌‌ကြောင်း အသိပညာပေးဟောပြောခြင်း/တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံခြင်းနှင့်မွေးမြူရေးခြံများ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး အောင်လယ်ကျေးရွာ၌ မွေးမြူထားသည့် ကျွဲနွား(၇၅) ကောင်ကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကာ မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးများ ပတ်ဖြန်းပေးခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)