ညောင်ဦး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံများပေါ်တွင် ပေါက်ရောက်နေသော အပင်များကို ဓာတုဆေးဖြင့် ရှင်းလင်းခြင်းနှင့် ကြံ့ခိုင်ထိန်းသိမ်းပြုပြင်ပြီးစီးမှု အခြေအနေများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအဆောက်အအုံများအပေါ် ပေါက်ရောက်နေသောအပင်များနှင့် ရှေးဟောင်းအဆောက်အအုံများ ကြံ့ခိုင်ထိန်း သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းနှင့်ဝန်ထမ်းများ၊ လက် ထောက်အင်ဂျင်နီယာများသည် ရှေးဟောင်းအဆောက်အအုံများ ပေါ်ပေါက်ရောက်နေသည့် အပင်များကို ဓာတ်ခွဲခန်းဌာနစိတ်မှ အဖွဲ့(၂)ဖွဲ့ခွဲ၍ ရှေးဟောင်းအဆောက်အအုံအမှတ် (၁၅၈၉၊ ၁၄၇၈၊ ၁၅၈၀၊၁၂၃၉၊ ၁၂၀၂၊၁၁၉၂၊ ၁၆၈၆၊ ၁၃၂၁၊ ၁၁၉၅၊ ၇၄၄၊ ၁၉၁၇) အဆောက်အအုံများပေါ်တွင် ပေါက်ရောက်နေသည့် ညောင်ပင်နှင့်အခြားအပင်များအား ဓာတုဆေးဖြင့် ရှင်းလင်းခြင်းဆောင်ရွက်ထားသည့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရှေးဟောင်းအဆောက်အအုံအမှတ် (၅၀၅)မြောက်ဘက်အဝင်မုခ် ကြံ့ခိုင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
ဒီပါလင်း