မြောက်ဦး ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောက်ရာဇ်ကေရပ်ကွက်၊ အ.မ.က(မူလွန်) ကျောင်းနှင့် ဈေးရောင်းချသူပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီကအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းများသည် ဒီရေတောထိန်းသိမ်း ကာကွယ်စိုက်ပျိုးရေး၊ ဒီရေတောကြောင့်ရရှိသောအကျိုးကျေးဇူး၊ လူသားမျိုးနွယ်စုသို့ ဆင့်ကဲထိခိုက်နိုင်ခြင်းမှသည် ဆိုးရွားစွာသော ကျန်းမာရေး ထိခိုက်မှုများဆီသို့ ဦးတည်ခြင်း၊ ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက်များ ဆွေးမြေ့ပျက်စီးရန်ကြာမြင့်နိုင်သည့်သက်တမ်းများ၊ လူတိုင်းတတ်နိုင်သည့်နည်းလမ်း (၅) သွယ်၊ မြို့ပြဧရိယာများမှ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကြောင့် ထိခိုက်နိုင်မှု၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား ပင်လယ်သက်ရှိများမှ အစာအဖြစ် လွဲမှားစွာ စားသုံးမှုကြောင့် သက်ရောက်နိုင်မှုများစသော လက်ကမ်းစာစောင်တွင်ပါရှိသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)