မာန်အောင် သြဂုတ် ၂၃
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဆေးအရောင်းဆိုင်များနှင့် စျေးဆိုင်များအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးအရောင်းဆိုင်များနှင့် စျေးဆိုင်များတွင် တရားဝင်လိုင်စင်နှင့် သက်တန်းလွန်ဆေးဝါးများ၊ စပ်ဆေးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် အခွန်ပေးဆောင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးပြီး စျေးဆိုင်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများနှင့် အခြေခံစားသောက်ကုန်များကို သတ်မှတ်စျေးနှုန်း အတိုင်းရောင်းချမှုရှိ/မရှိတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)