ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြော

မောင်တော    ဩဂုတ်  ၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့သူကြီးကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအနေဖြင့် မြို့သူကြီးကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင်က တစ်ကိုယ်ရေ သန့်ရှင်းရေး‌မှုဆိုင်ရာများ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများနှင့် ဖုံးအုပ်မထားသည့် အစားအစာများ၊ မသန့်ရှင်းသော အစားအစာများကို စားသုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့သူကြီးကျေးလက် ကျန်းမာရေးဌာနမှကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများအား  သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများ ပြုလုပ်ပြီး KG ကျောင်းသား၊ကျောင်းသူများအား  အာဟာရဖွံ့ဖြိုးမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)