ဘူးသီးတောင်မြို့၌ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများအဖြစ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ဘူးသီးတောင်   ဩဂုတ်  ၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအဖြစ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ကြရာ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် ပန်းချီပိုစတာပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအတွက် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရာ ပထမဆု၊ ဒုတိယဆုရရှိသူများအား သြဂုတ်လ (၂၂)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုအခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)