ဘူးသီးတောင် သြဂုတ် ၁၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ယမနေ့ညနေပိုင်းက မောင်ကြီးတောင်ကျေးရွာအုပ်ရှိ အ.မ.က စာသင်ကျောင်း၌ လူထုတွေ့ဆုံပွဲပြုလုပ်သည်။
အဆိုပါစစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်သူများ၏တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)