ဝမ်းတွင်း သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းခွင့်မယူဆုနှင့် A အဆင့် အမှတ်အများဆုံးဆု ရရှိသူများ၊ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ကျောင်းသားမိဘများ၏ကိုယ်စား ကိုသူရဟိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ဆုတံဆိပ်များကိုပေးအပ်ရာ ဝန်ထမ်းခွင့်မယူဆု ဆရာ/ဆရာမ(၁၁)ဦး၊ မူလတန်း A အဆင့်အဖြစ် အမှတ်အများဆုံးရရှိသူ ကျောင်းသား/ကျောင်းသူ(၉)ဦး၊ အလယ်တန်း A အဆင့်နှင့် အမှတ်အများဆုံးရရှိသူ ကျောင်းသား/သူ (၁၅)ဦး၊ အထက်တန်း A အဆင့်နှင့် အမှတ်အများဆုံးရရှိသူ ကျောင်းသား/သူ (၁၂)ဦး၊ စုစုပေါင်း (၄၇)ဦးတို့အား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းခွင့်မယူဆုနှင့် A အဆင့် အမှတ်အများဆုံးဆု ချီးမြှင့်ခြင်း အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)