ဝမ်းတွင်း သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက်ကျောက်ချောလမ်း ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လမ်းတံတားများအား နှစ်စဉ်ပြုပြင် တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေကျပ်(၁၉.၄၉၀)သန်းဖြင့် ထန်းပင်ကုန်းကျေးရွာမှ မြစ်သားမြို့နယ် သပြေတောင်းကျေးရွာသို့ ဆက်သွယ်ထားသော ကျောက်ချောလမ်းအား ပြုပြင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်ကျောက်ချောလမ်းသည် အရှည်(၁)မိုင်၊ အကျယ်(၁၆)ပေ၊ ထု(၃)လက်မရှိပြီး အကျိုးပြုကျေးရွာ (၂)ရွာ၊ အကျိုးပြု အိမ်ခြေ(၅၂၈)အိမ်၊ အကျိုးပြုလူဦးရေ (၁၉၆၇)ဦး၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက်များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကာ ရာသီမရွေးသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)