ဝမ်းတွင်း သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ရွှေပေါ်ကျွန်းလမ်းမှ ရန်ကုန်-မန္တလေးလမ်းသို့ ဆက်သွယ်ထားသော ကျောက်ချောလမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဝမ်းတွင်းမြို့နယ်အတွင်း ပြည်သူများအသုံးပြုလျက်ရှိသော လမ်း/တံတားများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြုပြင်တည်ဆောက်ပေးလျက်ရှိပြီး ယခုအခါ ရွှေပေါ်ကျွန်းလမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၁၃/၄)သို့ ဆက်သွယ်ထားသော ကျောက်ချောလမ်းကို ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါလမ်းပြင်ဆင်ပြီးစီးပါက အောင်သာတောင်ကျေးရွာ၊ အောင်သာမြောက်ကျေးရွာ၊ ဒဟတ်ကျေးရွာ၊ ပဲလွန်းကုန်းကျေးရွာ၊ ခါးတက်ကုန်း၊ ကူနီ၊ ရွာဟောင်း ကျေးရွာ၊ ကုက္ကိုစုကျေးရွာ၊ ရိုးကန်ကျေးရွာများရှိ ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေကာ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှုများ သွက်လက်မြန်ဆန်လာမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရွှေပေါ်ကျွန်းလမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၁၃/၄) ကျောက်ချောလမ်းသည် အရှည်(၁/၁.၈၉၆)မိုင်၊ အကျယ် (၁၆)ပေ၊ ထုထည်(၁၄)လက်မရှိပြီး ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၆၀.၆၄၀)သန်း အကုန်ကျခံကာ နိုင်ငံတော်အစိုးရမှ ပြုပြင်တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)