ဝမ်းတွင်း သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ဆီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ နတ်နန်းကွင်းရှိ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဝါစိုက်တော်င်သူများဈေးကောင်းရရန် မျှော်လင့်လျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်ရှိ နတ်နန်းကျေးရွာကွင်းသည် မိုးကောင်းရေသောက်ဖြစ်ပြီး နှစ်စဥ် မိုးကိုမျှော်၍ တောင်သူလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေသများဖြစ်သည့်အလျောက် ယခုနှစ်တွင် မိုးရေကောင်းစွာရရှိသဖြင့် စိုက်ပျိုးထားသော ဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဝါထွက်ရှိချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း ဝါစိုက်တောင်သူ ဦးမောင်စိုးက ပြောသည်။ “ယခင်နှစ်ကဆိုရင် ဝါတစ်ပိဿာကို (၂၂၀၀)ကျပ်ပဲရတယ်။ အခုနှစ် ဝါတွေလည်း ဖြစ်ထွန်းတယ်။ ဝါများထွက်ချိန် ဈေးကောင်းရရင်တော့ ဝါစိုက်တောင်သူတွေ ပိုပြီးအဆင်ပြေတာပေါ့” ဟု၎င်းက ဆက်ပြောသည်။
နတ်နန်းကျေးရွာရှိ ဝါစိုက်ကွင်းအမှတ်(၁၄၇၄-က)နှင့် (၁၄၁၉)တို့တွင် စိုက်ပျိုးထားသည့်ဝါ (၂၅)ဧကကျော်ရှိပြီး ယခုနှစ် ဝါထွက်ချိန်တွင် ဈေးကောင်းများရရှိရန် တောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်