ငပလီ သြဂုတ် ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့အမကမူလွန် ဇီးဖြူကျောင်းခန်းမ၌ ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားကာ စာဖတ်သည့် အလေ့ထကောင်းများရရှိစေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရယ် ကာကွယ်ရှောင်ရှားနိုင်ရေးများကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁း၀၀)နာရီအချိန်က အ.မ.က မူလွန် ဇီးဖြူကုန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ လူငယ်များအသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များ၊ ဥပဒေဖြင့် ကာကွယ်ပေးထားသော ရပိုင်ခွင့်၊ ကလေးနှင့် ရပိုင်ခွင့်၊ မူးယစ်ဆေးသုံးစွဲခြင်းဆိုးကျိုးများအား ကျောင်းသားလူငယ် စာပေဝါသနာရှင်များသိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကျောင်းသားလူငယ်များက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြသထားမှုအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ပြီး စာအုပ်များကို စိတ်ဝင်တစား ဖတ်ရှုကြကြောင်း သိရသည်။
ငပလီ(ပြန်/ဆက်)