မောင်တော ဩဂုတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ၊ဆရာမများ၊ ဧည့်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အလိုတော်ပြည့်ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည် ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ၊ဆရာမများ ဧည့်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အလိုတော်ပြည့်ဆရာတော်ဘုရားထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)