တပ်ကုန်း ဩဂုတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး ၄၆၄၄၅ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ၂၇၉၆၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မိုးစပါးလျာထားဧကပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဆည်၊ ကန်၊ တာတမံအလိုက် မိုးစပါးလျာထားအနေဖြင့် ဆင်သေဆည်တမံမှ ဧက ၁၀၂၈၉ ၊ မုန်ရေထိန်းတမံမှ ဧက ၄၂၀၀ ၊ ကင်းသာရေလှောင် တမံမှ ဧက ၅၀၄၊ ပွဲစားရေလွှဲဆည်မှ ဧက ၁၈၇၀၊ ညောင်ကိုင်းရေလွှဲဆည်မှ ဧက ၆၂၀၊ ပုဂ္ဂလိကကန်များမှ ဧက ၁၁၈၄၅၊ အခြားနည်းမှ ဧက ၁၃၅၈နှင့် မိုးကောင်းသောက်မှ ဧက ၁၅၇၅၉ ၊ စုစုပေါင်းဧက ၄၆၄၄၅ လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်