ကာလိ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ လယ်တွင်းသားစောချစ်၏ "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးဦးစန်းမြင့်သန်းက အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦးအသိပညာများဖလှယ်တက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း ဆရာမဒေါ်ခင်သဇင်ထွေးက "ပန်းလိုချင် အပင်ပျိုးတက်မှ" ခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးပြီး Grade-9 မှ မနန်းမြဖူး က " ကျောင်းနေပျော်၍ စာတော်ပါစေ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းတာလမ်က "မိဘဆရာ ရိုသေပါ်" ခေါင်းစဉ် ဖြင့်လည်ကောင်း၊ မနန်းထွေးဦးက "ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ" ခေါင်းစဉ်ဖြင့် လည်ကောင်း၊ မောင်ရဲလင်းထွဋ်က "ကလေးနှင့် ဆေးလိပ်" ခေါင်းစဉ်ဖြင့် လည်ကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ/ပြန်၊ဆက်)