ဆင်ဘိုမြို့ ဒိက္ခိဏရာမကျောင်းတိုက်၌ အသိပညာဗဟုသုတတိုးပွား၍ လူမှုအဆင့်အတန်း မြင့်မားလာစေရန် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဆင်ဘို ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဒိက္ခိဏရာမ ကျောင်းတိုက်၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွား၍ လူမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးမိုးကျော်က စာအုပ်/စာစောင်ပြပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒိက္ခိဏရာမ ကျောင်းတိုက်မှ ဓမ္မစကူး ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြသည်။

ဆင်ဘို(ပြန်/ဆက်)