ရှင်ဗွေယန် ဩဂုတ် ၂၂
ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁ဝ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲကို ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွား လာစေရန်ရည်ရွယ်၍ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာ ဖတ်ရှုခဲ့ကြောင်းသိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)