သီပေါမြို့၌ (၂၄) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်

သီပေါ ဩဂုတ် ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း ထားပါကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးကြပါရန်နှင့် အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန်စသည်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးဦးမင်းကိုကိုက အခြေခံပညာကျောင်းများမှ ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းများအား ထပ်ဆင့်အစည်းအဝေးခေါ်ယူ၍ စာရင်းပေးသွင်းသွားမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာအသီးသီးအပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မြို့နယ်အဆင့် ဦးစွာကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း ထိုမှတစ်ဆင့်စက်တင်ဘာလ (၁၅) ရက်နေ့တွင် ခရိုင်အဆင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး

သီပေါ (ပြန်/ဆက်)