နောင်ချို ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အနောက်ကြူအင်းအုပ်စုနှင့် ကြိမ်ဂနိုင်ကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများသို့ မွေးမြူရေးအသိပညာပေး ကွင်းဆင်းခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများက အနောက်ကြူအင်းအုပ်စုနှင့် ကြိမ်ဂနိုင်ကျေးရွာအုပ်စုအတွင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံကာ မွေးမြူရေးအသိပညာပေးခြင်း၊ မွေးမြူရေးဆောင်ရွက်ရာတွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစေရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)