ပင်လောင်းမြို့နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

ပင်လောင်း ဩဂုတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းတွင် ပြုလုပ်သည်။

အဆိုပါပြိုင်ပွဲအား ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  ”အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့ ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲပြုလုပ်ပေးခဲ့ရာ၊ ပြိုင်ပွဲတွင် ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပြီး၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်အဆင့်ကျင်းပပြုလုပ်မည့် ပညာ​ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)