ကျောက်ဆည် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံများပိုမိုထွက်ရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီနှံစိုက်တောင်သူများနှင့်ပူးပေါင်းပြီး စနစ်တကျ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးကြိုနှင့်မိုးရာသီးများတွင် လျာထား(၃၈၀၀)ဧကထက် (၂၂၇)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဝါသီးနှံများကို အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဓား- ရဲဘော်ကြီး- ဖျောက်ဆိပ်ပင်-ရွာသစ်- ရေသရောက်- ချောင်းဆုံ- သရက်ပင်- ရဲ- ကြောင်- ဇရစ်ခဲ- အုန်းကြော- ကြက်သားဟင်း- သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်- ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ- ကုလားကျောင်း ကျေးရွာအုပ်စု များတွင် (၈၀၀)ဧက လျာထားခဲ့ပြီး (၈၀၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ- သံရွာ- ခါးတက်ကုန်း- ဆူးလေကုန်း- ပေါက်ပင်ကွေ့- မြေစိုမိုး- ပဲခင်း- ပေါင်လောင်-တောင်တော်- ကင်းကျေးရွာအုပ်စုများတွင် (၃၀၀၀)ဧက လျာထားခဲ့ပြီး (၃၂၂၄)ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် စုစုပေါင်း လျာထား(၃၈၀၀)ဧကထက် (၂၂၇)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံမျာစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၉)နှင့် (B-31) ဝါမျိုးများအဓိကထား စိုက်ပျိုးကြကြောင်းနှင့် ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များအချိန်မီနှိမ်နင်းရေး၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲစေရေးနှင့် သတ်မှတ်အထွက်နှုန်းပြည့်မီစေရေး စသည့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်