မြင်းခြံမြို့ အထက(၄) ကျောင်း၌ သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင့်မာလာအောင်က သက်ငယ်မုဒိမ်းမှုအကြောင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့ ဒုရဲအုပ်ကျော်ဆန်းက လူကုန်ကူး မှုတားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးကြည်က မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြ သည်။ ဟောပြောပွဲအပြီးတွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်  ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မုန့်များ ပေးဝေခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်၊ မြို့နယ် ဥပဒေအရာရှိ ဒေါ်ဝင့်မာလာအောင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးကြည်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့ ဒုရဲအုပ် ကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ (၁၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)