ကျောက်ပန်းတောင်းမြို့ သြဂုတ်လ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည်အနီးဝင်းကျင် ကျေးရွာများတွင် မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသော တိုင်ထောင်ခရမ်းချဥ်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း လဲဂွကျေးရွာတိုင်ထောင် ခရမ်းချဥ်စိုက်ပျိုးတောင်သူ ဦးလှဟံထံမှသိရသည်။
ကြက်မောက်တောင်ဆည် အနီးပတ်ဝင်းကျင်များဖြစ်သည့် ကျေးရွားများသည် မြေအောက်ရေးဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံးလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ ခရမ်းချဥ်ကို မိုးလယ်နှင့်မိုးနှောင်းကလများတွင်လည်းကောင်း၊ ဆောင်ဦးကာများတွင်လည်းကောင် အသီးသီးစိုက်ပျိုးလျက်ရှိသည်။ ယခုအခါ မြေအောက်ရေကိုအသုံးပြုပြီးဇွန်လဆန်းပိုင်း တွင်စိုက်ပျိုးထားသော ခရမ်းချဥ်ခင်းများမှာအလွန်ကောင်းမွန်ပြီး စတင်ခူးစွတ်နေပြီးဖြစ်ရာ ခရမ်းချဥ်သီးစျေးနှုန်းမှာ တစ်ပိဿာလျင် ၂၃၀၀ ကျပ်နှုန်းအထိစျေးနှုန်းကောင်းမွန်သောကြောင့် စိုက်ပျိုးတောင်သူများအတွက်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ ခရမ်းချဥ်သီးများကို ခူးစွတ်ရာတွင်လည်း ဧကတစ်ဝတ်ရှိသောစိုက်ခင်းတစ်ခင်းကို နှစ်ရက်ချန်တာခါခူးစွတ်လျင် ပိဿာချိန် ၁၅၀ မှ ၂၀၀ ပိဿာအချိန်ထိရရှိကြောင်းသိရသည်။ ခရမ်းချဥ်စိုက်ပျိုးတောင်သူများသည် မိမိတို့ရရှိလာသော ခရမ်းချဥ်သီးများကို ကျောက်ပန်းတောင်းမြို့ရှိစျေးသို့ ကိုယ်တိုင်ရောင်းချကြသလို၊ မိမိတို့ရွာမှ စျေးသယ်များသို့ လည်းရောင်းချလျက်ရှိကြောင်း သိရသည်။
P.W.A (ပြန်/ဆက်)