မိုးမိတ် ဩဂုတ် ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျောင်းကျန်းမာရေး သီတင်းပတ်အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာမြင့်မိုခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ကျောင်းသားလူငယ်လူရွယ်များ မူးယစ်ဆေးဝါးကြောင့် လမ်းမှားသို့ မရောက်ရှိစေရန်အတွက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ဟောပြောခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆရာမ ဒေါ်သီတာအေးက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတတ်ပုံနှင့် ဆောင်ရန်ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စည်သူဌေး(ခရိုင်၊ ပြန်/ဆက်)