တပ်ကုန်းမြို့၌ ကျောင်းသူ ၁၀၀ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ

တပ်ကုန်း ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)နှင့် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းများရှိ ကာကွယ်ဆေးထိုးစုရပ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ​ကျော်မောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ကြီးကြပ်(၁) ဆရာဦးလှထွန်း ဦးဆောင်၍ ကာကွယ်ဆေးထိုးကျန်းမာရေး ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာမများ ပူးပေါင်း၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးမထိုးမီ စာရင်း ရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး၊  အောင်ဇေယျ ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ ၅၀ ဦး၊ မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ ၅၀ ဦး၊ စုစုပေါင်းကျောင်းသူ ၁၀၀ ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပြီးခဲ့ကြောင်းနှင့် ကျန်ကျောင်းသူများလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်