မဟာအောင်မြေ ဩဂုတ် ၂၂
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၀)စုအနက် (၃၆)စုအား (၁၂)ကြိမ်မြောက်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆပ်ပြာအမွှေးခဲနှင့် ငွေသားများကို ယမန်နေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲအား မဟာမြိုင် (၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများနှင့် အိမ်ထောင်စုဇယားပေါက်ပြီးဆင်းရဲချို့တဲ့သည့် မိဘပြည်သူ(၁၇၆)အိမ်ထောင်စုများ အား တစ်လလျှင် (၃၆)အိမ်ထောင်စုနှုန်းစီ အလှည့်ကျ ထောက်ပံ့ပေးခဲ့ပြီး အဘိုး-အဘွား (၁၀)ဦးအား လစဥ် ငွေ ၁၀၀၀၀ိ/ကျပ်၊ ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥ ၁၀ လုံး၊ အမွှေးဆပ်ပြာခဲ၊ ကျန်အိမ်ထောင်စု (၂၆)စုအား ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥ ၁၀ လုံး၊ အမွှေးဆပ်ပြာခဲများကို လစဥ် ၂၁ ရက်နေ့တိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်လှူဒါန်းရာ သက်ကြီးဘိုး၊ဘွားများနှင့် ရပ်ကွက်နေမိဘပြည်သူများမှ လက်ခံရယူခဲ့ပြီးနောက် အဖိုးဦးသောင်းဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မြို့မိမြို့ဖများ၊ အဘိုး၊ အဘွားများ တက်ရောက်ကြောင်းသိရသည်။
အောင်ဇော်မင်း