မင်းပြားမြို့၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

မင်းပြား သြဂုတ် ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(မင်းပြား)နှင့် မင်းပြားမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၀ ရက်နေ့က  အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအုပ်ကြီးဒေါ်ဇင်မီမီစံနှင့် ဒုကျောင်းအုပ်၊ သင်တန်းနည်းပြများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ်(၄)သို့ တက်ရောက်နေသည့် သင်တန်းသူများအား မင်းပြားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးမျိုးဇော်ထွန်းဦးနှင့် တပ်ဖွဲ့ဝင်များကရှေးဦးပြုစုခြင်း(အခြေခံ)သဘောတရားများ၊ ပတ်တီးစည်းနည်းအမျိုးမျိုး၊ လူနာသယ်ဆောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ ထိခိုက်ဒဏ်ရာရ လူနာအားပြုစုခြင်း၊ အသက်ရှူအားကူခြင်း( CPR)စသည့် ဘာသာရပ်များကို သြဂုတ် ၁၉ ရက်မှ ၂၀ ရက်ထိစာတွေ့ လက်တွေ့သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။

သောင်းရွှေ(ပြန်ဆက်)