မုံးကိုးမြို့၊ အ.ထ.ကကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac)ထိုးနှံပေးခြင်း

မုံးကိုး ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက်ပြန့် ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဌာနများအနေဖြင့် ကာကွယ်ဆေးများကို အမြို့မြို့အနယ်နယ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မုံကိုးဒေသခံပြည်သူများကို ဆက်လက်ထိုးနှံပေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့မနက် ၉ နာရီတွင်ထိုးနှံဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မုံးကိုးမြို့၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူနာပြုဆရာမများနှင့် ခြေလျင်ဆေးတပ်သားများက အုပ်စုခွဲကာ အခြေခံပညာရေးကျောင်းရှိ ကျောင်းသား/သူများကို ယမန်နေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး (၁၂)နှစ်အထက် ကျောင်းသား/သူ(၅၀၀)ဦးကို ထိုးနှံခဲ့ကြောင်းကိုလည်း သိရသည်။

ဆက်လက်၍ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မုံးကိုး အ.ထ.ကကျာင်းမှ ဆရာ၊ဆရာမများ၊ မြို့အုပ်ချုပ်ရေးမှူးဦလျံရှင်းမုံနှင့် ဝန်ထမ်းများ၊ ခြေလျင်တပ်မှဆေးမှူးများ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်းကို သိရှိခဲ့ရပါသည်။

မေစံပယ်ဖူး(မုံးကိုး)