ကျိုင်းတုံ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ပညာရေးမှူးဖလား အသက်(၁၅)နှစ်အောက်နှင့် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ကျိုင်းတုံမြို့မအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး အဖွင့်ပွဲစဉ်အဖြစ် အသက် (၁၈)နှစ်အောက် အ.ထ.က-၂ အသင်းနှင့် ထိပ်တန်းအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က-၂ အသင်းက ၉ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ အခြေခံပညာကိုယ်ပိုင်ကျောင်းများမှ အသက်(၁၅)နှစ်အောက်အသင်း ၁၈ သင်း၊ အသက် (၁၈)နှစ်အောက် အသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို ဩဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)