နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်မှ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ခြင်းသင်တန်း တက်ရောက်နေသည့် သင်တန်းသားများအား လာရောက်ကြည့်ရှုအားပေး

ပုဗ္ဗသီရိ ဩဂုတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ညောင်လူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ခြင်းသင်တန်းသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်မှ သင်တန်းသားများအား ယမန်နေ့နံနက်ပိုင်းက  လာရောက်ကြည့်ရှု့ အားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်က MSME လုပ်ငန်းများ နိုင်ငံ့စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းကိစ္စများ ရှင်းလင်းပြောကြားခြင်း၊ လက်မှုပညာရပ်တစ်ရပ်အနေဖြင့် တတ်သင့်သည့် ပညာရပ်ဖြစ်ကြောင်း၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊  သင်တန်းသားများအနေဖြင့်လည်း အလေးအနက်ထား သင်ယူကြရန်မှာကြားပြီး သင်တန်းသားများအား  ဝတ်စုံစရိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗသီရိ)