ဆီဆိုင် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အသက် ၁၈ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများတို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုံးကြိမ် ထိုးနှံပြီးငါးလနှင့် အထက်ရှိသည့် အသက် ၁၂ နှစ်နှင့် အသက် ၁၈ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းများကို ဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရောက်ရှိမှသာ စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)