မက်မန်း ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြသခဲ့သည်။
ထိုသို့ ပြသရာတွင် ကလေးအလုပ်သမားဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ ကလေးအလုပ်သမားအဖြစ်များသည့် နိုင်ငံများအကြောင်း၊ ကလေးငယ်များ၏ ပညာရေးအခွင့်အလမ်းများ၊ ILO အဖွဲ့၏ထုတ်ပြန်ချက်များ၊ ကလေးငယ်များ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများကို ဆောင်းပါးများ၊ ကာတွန်းများ၊ ဓာတ်ပုံများဖြင့် ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)