ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ကာလိ ဩဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ) ကျိုင်းလွန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  ကာလိမြို့ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်ခင်ယုမာက  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်ကို အသုံးချတက်စေရန် စာပေဖတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းအကျိုး ကျေးဇူးဆိုင်ရာများနှင့်နှင့် စာပေဖတ်ရှု့ခြင်းဖြင့် အမှားအမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး  အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး "ကျောင်းသားနှင့်စာဖတ်ခြင်း" နှင့် "စာပေရဲ့ကျေးဇူး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)