အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

လွိုင်လင် ဩဂုတ်  ၂၂

သိပွံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါကျောင်း ဖူဆယ်အားကစားကွင်းတွင် ပြုလုပ်ပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူကြပြီး နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုကြသည်။ ထို့နောက် နည်းပညာအထက်တန်းကျောင်း (ပင်လုံ)ကျောင်းအုပ်ကြီး ဦးဇင်မင်းထွန်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ စစ်ကြောင်းပုံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွါကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိူသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အမျိူသားပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)