မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ

မိုင်းရယ် ဩဂုတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့ မြို့မဈေးကြီးတွင် ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးကြီးအဝင်ပေါက်နှင့် ဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများ ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်း (၁၀၀၀)ကို စနစ်တကျ အခမဲ့ဖြန့်ဝေပေးခဲ့သည်။   

မိုင်းရယ်(ပြန်/ဆက်)