မိုင်းစံမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ဓာတ်မြေဩဇာများအား အခမဲ့ဖြန့်ဝေခြင်းအခမ်းအနား ကျင်းပ

မိုင်းစံ ဩဂုတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ရှမ်းပြည်နယ်အစိုးရမှ ပေးအပ်သော ဓာတ်မြေဩဇာများအား တောင်သူများထံသို့  အခမဲ့ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀း၀၀)က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဦးထန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးစိုင်းစံယုံက ဓာတ်မြေဩဇာအခမဲ့ပေးအပ်ခြင်းနှင့် မြေဩဇာများ အကျိုးရှိစွာ အသုံးပြုနည်းများအကြောင်းကို  တောင်သူအသိပညာပေးဟောပြောပြီးနောက် တာဝန်ရှိသူများက  ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသည့် တောင်သူများထံ  ယူရီးယားဓာတ်မြေဩဇာများကို  အခမဲ့ဖြန့်ဝေပေးအပ်ခဲ့သည်။

အဆိုပါ ဓာတ်မြေဩဇာများကို ဖြန့်ဝေပေးအပ်ရာတွင် မိုင်းစံမြို့အတွင်းရှိ ရပ်ကွက် (၁)၊ (၂)၊ (၃)ကျေးရွာအုပ်စုရှိ  မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးတောင်သူပေါင်း  ၂၃ ဦးတို့အတွက်  ယူရီးယားဓာတ်မြေဩဇာ ၂၇ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)