လားရှိုး ဩဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကျောင်းပေါင်းစုံခရစ်ကက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရစ်ကက်ပြိုင်ပွဲကို ပြည်နယ်ပညာရေးမှူးရုံး ရှမ်း/မြောက်(ရုံးခွဲ)မှ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေးနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ နည်းပြများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ပညာရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ချောစုအောင်က ပြိုင်ပွဲအတွက် အားကစားပစ္စည်းများကို ထောက်ပံ့သည်။
အဆိုပါ ပြိုင်ပွဲကို လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်းပေါင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)