ပေါက်တော ဩဂုတ် ၁၈
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ကျောင်းသား ကျောင်းသူကလေးငယ်များကိုယ်ခန္ဓာ ကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မသန်းစောက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကျောင်းသား ကျောင်းသူ ကလေးများအား အာဟာရတိုက်ကျွေးခဲ့ကြသည်။
ထို့ပြင် ကျောင်းသား/ကျောင်းသူ ကလေးငယ်များ နေ့စဉ်လိုက်နာကျင့်သုံးရန် ယဥ်ကျေးလိမ္မာ မင်္ဂလာ မေတ္တာ ကျင့်ဝတ်များကိုလည်းဆွေးနွေး သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)