ပေါက်တော ဩဂုတ် ၁၇
ပေါက်တောမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက (၂၄) ကြိမ်မြောက် မြန်မာ့ရိုရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ မျိုးဆက်သစ် ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်များသန့်ရှင်းသာယာလှပရေး ရုံးဌာနအဆောက်အဦများ အတွင်းအပြင် သန့်ရှင်းရေး အပတ်စဉ်ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)