သာကေတ သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက်(၉:၀၀)နာရီတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့မှကြီးမှူးကာ ဂက်စ်မီးလောင်မှုနှင့် မီးခိုးအတွင်း လှုပ်ရှားသွားလာမှု (Simulator) သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ရာ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ထောက်မီးသတ်ဦးစီးမှူးလောင်း သင်တန်းအမှတ်စဥ်(၂၁)မှ သင်တန်းဆင်းလက်ထောက်မီးသတ်ဦးစီးမှူး အရာရှိငယ်(၄၂)ဦးအား မြေပြင်၌ကြုံတွေ့နိုင်သည့် ဂက်စ်မီးလောင်မှု၌ အခက်အခဲမရှိ ကျွမ်းကျင်စွာ မီးငြှိမ်းသတ်နိုင်စေရန်နှင့် မီးခိုးအတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ချိန်၌ မီးခိုးအတွင်း သွားလာလှုပ်ရှားမှုနည်းစနစ်အား သိရှိနားလည် ကျွမ်းကျင်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးသတ်ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးရဲမင်းသူနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက နံနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ နည်းစနစ်တကျ လက်တွေ့သရုပ်ပြသပေးခဲ့ရာ အမှတ်စဥ်(၂၁)မှ သင်တန်းဆင်းလက်ထောက် မီးသတ်ဦးစီးမှူး အရာရှိငယ်အင်အား(၄၂)ဦးမှ သင်တန်းတွင် သင်ကြားတက်မြောက်ခဲ့သည့် ပညာရပ်နှင့် ပေါင်းစပ်ကာ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)