ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများမှ Medical Cover ဆောင်ရွက်ပေး

ဗဟန်း သြဂုတ် ၂၀

ရခိုင်ပြည်နယ်၊ မိုခါမုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သွားရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ မိခင်ဌာနများသို့ အပြန်ခရီးတွင် ရန်ကုန်ဆိပ်ကမ်းသို့​ ယမန်​နေ့က ရောက်ရှိ​ခဲ့​ကြောင်း သိရသည်။

​အဆိုပါ​ ရောက်ရှိလာသူများအား ကျောက်တံတားခရိုင်၊ ကျောက်တံတား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက ရန်ကုန်ဆိပ်ကမ်းသို့​အရောက်၌ Medical cover သွားရောက်ဆောင်ရွက်ပေး​​ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန္ဒာမိုး