ပေါက်တော ဩဂုတ် ၂၀
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၁ ဒသမ ၈၂၅သန်းဖြင့် ကျေးလက်ရေရရှိရေးအတွက် ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဇေယျဝတီကျေးရွာ၌ ရေကန်တူးဖော်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများကို လုပ်ငန်းများအချိန်မီပြီးစီးရေး သတ်မှတ်အတိုင်းအတာပြည့်မီရေး စသည်တို့ကိုပြောကြားပြီး ကျေးရွာလူထုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ဇေယျဝတီကျေးရွာတွင် ယခင်မြေသားကန် (၅)ကန်ရှိပြီး ယခုအသစ်တူးဖော်သည့် ရေကန်ပြီးစီးပါက ကျေးရွာအိမ်ခြေ ၁၂၇ အိမ်၊ လူဦးရေ ၅၇၃ ဦး အကျိုးပြုနိုင်မည်ဖြစ်ကာ နွေရာသီရေရှားပါးမှု အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ မြေသားရေကန်မှာ (၁၀၀'x၁၀၀'x၆') တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းမှာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)