ညောင်ဦး ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့မရဲစခန်းမှ ဒုရဲအုပ်ချစ်မိုးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ညောင်ဦးမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ်မီမီလှိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစ်စားနားထောင်ကြပြီး သိရှိလိုသည့်မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ ညောင်ဦးခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်တို့က ကျောင်းသား/ကျောင်းသူများအား အာဟာရဒါန ပေါင်မုန့်အစိုများ၊ ကိတ်ခြောက်များဝေငှပေးခဲ့ကြသည်။
ဒီပါလင်း