မိုင်းဖြတ်မြို့နယ်၌ ဝက်​မွေးမြူ​ရေးခြံများသို့ ဇီဝလုံခြုံ​ရေး မြှင့်တင်​ဆောင်ရွက်နိုင်​ရေး ကွင်းဆင်စစ်​ဆေး

မိုင်းဖြတ် သြဂုတ် ၂၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင်နှင့်  မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဝက်​မွေးမြူ​ရေးခြံများ၌ ဇီဝလုံခြုံ​ရေး မြှင့်တင်​ဆောင်ရွက်နိုင်​ရေး ကွင်းဆင်စစ်​ဆေးခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊  မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ယမ်းခမ်းကျေးရွာရှိ၊  ဝက်လိုင်စင်ရ  ဝက်သားသတ်ရုံအား ဆောင်ရွက်ထားရှိမှု၊  ဝက်များအား ဇီဝလုံခြုံရေးမြှင့်တင်ဆောင်ရွက် မွေးမြူထားရှိမှုအ​ခြေအ​နေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် ဟိုနား​ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​​ငွေမှ အစုအဖွဲ့ဖြင့် ​အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိသည့် မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာရှိ ဝက်မွေးမြူရေးခြံများသို့သွား​ရောက်၍  ဇီဝလုံခြုံ​ရေးအတွက် ဆွေး​​နွေးခြင်းနှင့် ခြံဖျန်းပိုးသတ်ဆေးတို့ကို ​ပေးအပ်ခဲ့​ကြောင်း သိရသည်။ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်​ရေး ရန်ပုံ​ငွေမှ အစုအဖွဲ့ဖြင့် ဝက်​မွေးမြူး​ရေးလုပ်ငန်း လုပ်ကိုင်​ဆောင်ရွက်သူ (၂၅)ဦးက ဝက်​ကောင်​ရေ(၃၅၀)​ကောင်​ တိုးချဲ့​မွေးမြူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)