မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မာန်အောင် ဩဂုတ် ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်၊အဘိတ်ဆေးခပ်ခြင်းကို အပတ်စဥ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက မြို့မရပ်ကွက်နှင့်မြို့သစ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲပြီး မြို့မရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ခြင်ပိုးလောက်လန်းများပေါက်ပွားစေနိုင်သည့် ရေတွင်း၊ ရေလှောင်ကန်၊ ဘုရားပန်းအိုး၊ ရေအိုးများ၊ တာရာအဟောင်းများတွင် ခြင်ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးနှင့်အခြား ဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပေါ်စေရန် နေအိမ်ပိုင်ရှင်များအား ကျန်းမာရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)