လှည်းကူး သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရန်၊ မုန်တိုင်းဒဏ်ကာကွယ်နိုင် စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ လေကာအုန်းပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာ၊ ဒါးပိန်-သပြု ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကာအုန်းပင်စိုက်ပျိုးပွဲတွင် လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများတို့က မုန်တိုင်းဒဏ်ခံ လေကာအုန်းပျိုးပင် စုစုပေါင်း (၃၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)