ကျောက်ဖြူမြို့၌ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ကျောက်ဖြူ   ဩဂုတ်   ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက အစိုးရရပ်ကွက်၊ မြေစာရင်း လမ်းဆုံနေရာ၌ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအပေါ် ယခုကဲ့သို့စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့်တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လည်းလာရောက်ရောင်းချပေးစေ လိုပါကြောင်း ဈေးလာရောက်ဝယ်သူသည့် ပြည်သူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)