ကျောက်ဆည် ဩဂုတ် ၂၀
ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် ဉာဏ်ပညာအရည်အသွေးမြင့်မား တိုးတက်မှုရှိစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ ဩဂုတ် ၁၈ ရက်ညနေ (၃) နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ ဖူဆယ်အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးရာသီ ဖူဆယ်အားကစားပြိုင်ပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) ပထမနှစ် ကျောင်းသားများမှ အသင်း(၃)သင်း၊ ဒုတိယနှစ်ကျောင်းသားများမှ အသင်း(၂)သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသော ဒုတိယနှစ်အသင်းနှင့် ဒုတိယဆုရရှိသော ပထမနှစ်အသင်းတို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးညွှန့်ဝင်းတို့ကက ဆုများချီးမြှင့်ပေအးအပ်ခဲ့ကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဖူဆယ်အားကစားပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆု၊ အသန့်ရှင်းဆုံးဆု၊ ဂိုးအများဆုံး သွင်းနိုင်သောဆုများနှင့် မိုးရာသီအားကစားပွဲတော်များအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲများ ကျင်းပပြုလုပ်၍ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး